Message inbox/outbox Error


လာသမျှပြသနာလေး​တွေကို မှတ်​ထားပြီး တင်​​ပေးတာပါဗျာ။ ဖုန်း​တွေမှာ မက်​​ဆေ့ခ်ျ​ကို အ၀င်​​တော့ရပြီး အထွက်​မရဘူးဆိုရင်​​တော့ message center နံပါတ်​လွဲ​နေလို့ပါ။ ဒါကို​ဖြေရှင်းဖို့အတွက်​ setting ထဲကိုဝင်​ပြီး message ကိုထပ်​၀င်​ပါ။ ဒါမှမဟုတ်​ Message Box ကို​ဖော်​ပြီး menu key (လိုင်း၃​ချောင်းနဲ့ဟာ) ကိုနှိပ်​၊ ပြီးရင်​ setting ကိုနှိပ်​ရင်​လည်းရပါတယ်​။ message setting ထဲကို​ရောက်​ပြီဆိုရင်​ SMS Center number (သို့) message center no စသဖြင့်​​ရေးထားတားကိုရှာပြီးနှိပ်​လိုက်​ပါ။Box တစ်ခုကျလာရင်အထဲမှာရှိတဲ့နံပါတ်​​တွေကို ဖျက်​ပစ်​ပြီး +9595930003 (သို့) +9595930014 တစ်​ခုခုထည့်ပေးလိုက်​ပါ။ ok လုပ်​ပြီးပြန်​ထွက်​ပြီးရင်​ Message အထွက်​ရပါပြီ။ နံပါတ်​ရိုက်​တဲ့​နေရာမှာ အ​ပေါင်း + ကိုရှာမ​တွေ့ရင်​ သုည ကို ဖိထားလိုက်​ပါ။နောက်တခုက Honor G620S-UL00 ကနည်းတခုပါ Version 4.4.4 မှအဆင်ပြေမှာပါ။သူကတော့ Center Number +959790000024 ထည့်ဖုန်းကို Reset ချလိုက်ပါ။ကဒ်ကို မလဲ မဖြုတ်ပါနဲ့။

နောက်နည်းလမ်းတခုက iOS နဲ့ Android ဆိုပြီးကွဲပြားတာလေးတခုပါ။

Android & iPhone တွေမှာ message အ၀င်အထွက်မရရင်
message center ပြန်ချိန်ပြီ ပို့လိုရအောင်လုပ်နည်းလေးပါ....

 iPhone
---------
Phone ခေါ်တဲ့ နေရာကနေပြီးတော့ **5005*7672*+9595930003#
လို့ရိုက်ပြီး ဖုန်းခေါ်လိုက်ပါ။ ပြီးရင် ပြန်ထွက်ကြည့်ပါ။ မက်ဆေ့ အ၀င်အထွက်
ရနေပါလိမ့်မည်။ Ooredoo နဲ့ Telenor နဲ့ကတော့ အောက်က ပုံစံအတိုင်း လုပ်ပါ…

MPT - **5005*7672*+9595930003#

Ooredoo - **5005*7672*+959974610000#

Telenor - **5005*7672*+959790000600#

Android
----------
Message icon ကို ၀င်လိုက်ပါ။ ပြီးရင် menu key ကိုနှိပ်ပြီး Settings ထဲကို သွားလိုက်ပါ။
ပြီးရင် SMS Center number ကို ၀င်လိုက်ပါ။

MPT ဆိုရင် ဒီလိုထည့်ပေးလိုက်ပါ။
+9595930003

Ooredoo ဆိုရင်လည်း ဒီလိုထည့်ပေးလိုက်ပါ။
+959974610000

Telenor ဆိုရင်လည်း ဒီလိုထည့်ပေးလိုက်ပါ။
+959790000600

ပြီးရင် back key နဲ့ ပြန်ထွက်ပါ။ မက်ဆေ့ပြန်ပို့ကြည့်ပါ။ အဆင်ပြေနေပါလိမ့်မည်။အဆင်မပြေပါက ပါဝါပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

ဒါတွေကတော့ကျွန်တော်အဆင်ပြေတဲ့နည်းလေးတွေပါ။အဆင်ပြေကြနိုင်ကြပါစေဗျာ။


Comments

Post a Comment

Popular posts from this blog

Facebook deleted