Message inbox/outbox Error
လာသမျှပြသနာလေးတွေကို မှတ်ထားပြီး တင်ပေးတာပါဗျာ။ ဖုန်းတွေမှာ မက်ဆေ့ခ်ျကို အ၀င်တော့ရပြီး အထွက်မရဘူးဆိုရင်တော့ message center နံပါတ်လွဲနေလို့ပါ။ ဒါကိုဖြေရှင်းဖို့အတွက် setting ထဲကိုဝင်ပြီး message ကိုထပ်ဝင်ပါ။ ဒါမှမဟုတ် Message Box ကိုဖော်ပြီး menu key (လိုင်း၃ချောင်းနဲ့ဟာ) ကိုနှိပ်၊ ပြီးရင် setting ကိုနှိပ်ရင်လည်းရပါတယ်။ message setting ထဲကိုရောက်ပြီဆိုရင် SMS Center number (သို့) message center no စသဖြင့်ရေးထားတားကိုရှာပြီးနှိပ်လိုက်ပါ။Box တစ်ခုကျလာရင်အထဲမှာရှိတဲ့နံပါတ်တွေကို ဖျက်ပစ်ပြီး +9595930003 (သို့) +9595930014 တစ်ခုခုထည့်ပေးလိုက်ပါ။ ok လုပ်ပြီးပြန်ထွက်ပြီးရင် Message အထွက်ရပါပြီ။ နံပါတ်ရိုက်တဲ့နေရာမှာ အပေါင်း + ကိုရှာမတွေ့ရင် သုည ကို ဖိထားလိုက်ပါ။နောက်တခုက Honor G620S-UL00 ကနည်းတခုပါ Version 4.4.4 မှအဆင်ပြေမှာပါ။သူကတော့ Center Number +959790000024 ထည့်ဖုန်းကို Reset ချလိုက်ပါ။ကဒ်ကို မလဲ မဖြုတ်ပါနဲ့။
နောက်နည်းလမ်းတခုက iOS နဲ့ Android ဆိုပြီးကွဲပြားတာလေးတခုပါ။
Android & iPhone တွေမှာ message အ၀င်အထွက်မရရင်
message center ပြန်ချိန်ပြီ ပို့လိုရအောင်လုပ်နည်းလေးပါ....
iPhone
---------
Phone ခေါ်တဲ့ နေရာကနေပြီးတော့ **5005*7672*+9595930003#
လို့ရိုက်ပြီး ဖုန်းခေါ်လိုက်ပါ။ ပြီးရင် ပြန်ထွက်ကြည့်ပါ။ မက်ဆေ့ အ၀င်အထွက်
ရနေပါလိမ့်မည်။ Ooredoo နဲ့ Telenor နဲ့ကတော့ အောက်က ပုံစံအတိုင်း လုပ်ပါ…
MPT - **5005*7672*+9595930003#
Ooredoo - **5005*7672*+959974610000#
Telenor - **5005*7672*+959790000600#
Android
----------
Message icon ကို ၀င်လိုက်ပါ။ ပြီးရင် menu key ကိုနှိပ်ပြီး Settings ထဲကို သွားလိုက်ပါ။
ပြီးရင် SMS Center number ကို ၀င်လိုက်ပါ။
MPT ဆိုရင် ဒီလိုထည့်ပေးလိုက်ပါ။
+9595930003
Ooredoo ဆိုရင်လည်း ဒီလိုထည့်ပေးလိုက်ပါ။
+959974610000
Telenor ဆိုရင်လည်း ဒီလိုထည့်ပေးလိုက်ပါ။
+959790000600
ပြီးရင် back key နဲ့ ပြန်ထွက်ပါ။ မက်ဆေ့ပြန်ပို့ကြည့်ပါ။ အဆင်ပြေနေပါလိမ့်မည်။အဆင်မပြေပါက ပါဝါပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။
ဒါတွေကတော့ကျွန်တော်အဆင်ပြေတဲ့နည်းလေးတွေပါ။အဆင်ပြေကြနိုင်ကြပါစေဗျာ။

Mytel ဆိုရင်ရေယာ
ReplyDelete